နက်ဗျူလာများနှင့် ကြယ်အုပ်စုတို့၏ ယေဘုယျ အမျိုးအမည်စာရင်း
ပုံပန်းသွင်ပြင်
(New General Catalogue မှ ပြန်ညွှန်းထားသည်)
နက်ဗျူလာများနှင့် ကြယ်အုပ်စုတို့၏ ယေဘုယျ အမျိုးအမည်စာရင်း (အတိုကောက် NGC[၂]) သည် နက္ခတ္တဗေဒတွင် ကောင်းကင်ယံမှ ပစ္စည်းအမျိုးအစားများအား ပြုစုထားသော စာရင်းတစ်ခု ဖြစ်သည်။ ယင်းအား ဂျွန် ဟာရှယ်၏ နက်ဗျူလာများနှင့် ကြယ်အုပ်စု စာရင်းအား ပြန်လည်ပြင်ဆင်မွမ်းမံထားသော စာရင်းသစ်ဖြစ်သည်။[၃] ၁၈၈၈ ခုနှစ်တွင် ဂျွန် လူးဝစ် အီမီဒရီယာဆိုသူက ပြန်လည်ပြုစုခဲ့သည်။[၄] NGC တွင် NGC အရာဝတ္ထုဟုသိထားသည့် အရာဝတ္ထုပေါင်း ၇၈၄ဝ ခုပါဝင်သည်။[၅] ဒရီယာသည် သူ၏ပထမဆုံး ပုံနှိပ်သည့်စာအုပ် အညွန်းစာရင်း (အတိုကောက် IC) အား ၁၈၉၅ ခုနှစ်တွင် အရာဝတ္ထုပေါင်း ၁၅၂ဝ ခုပါဝင်ပြီး ၁၉ဝ၈ ခုနှစ် ဒုတိယအကြိမ်ပုံနှိပ်ရာတွင် အရာဝတ္ထုပေါင်း ၃၈၆၆ ခုပါဝင်သည်။[၆] ကောင်းကင်ယံတောင်ဘက်ပိုင်း၏ အရာဝတ္ထုများကို ဂျွန် ဟာရှယ် သို့မဟုတ် ဂျိမ်း ဒန်လော့တို့က စာရင်းပြုစုထားခြင်း ဖြစ်သည်။
ကျမ်းကိုး
[ပြင်ဆင်ရန်]- ↑ Erdmann, R. E. (2010). "The NGC/IC Project". The NGC/IC Project. Retrieved 2012-04-22.
- ↑ Dreyer, J. L. E. (1895). "Index Catalogue of Nebulae found in the years 1888 to 1894, with Notes and Corrections to the New General Catalogue".
- ↑ Dreyer, J. L. E. (1878). "A Supplement to Sir John Herschel's "General Catalogue of Nebulae and Clusters of Stars"
- ↑ Steinicke, W. (17 January 2012). "Revised New General Catalogue and Index Catalogue". Retrieved 2012-04-22.
- ↑ Bradt, H. (2004). Astronomy Methods: A Physical Approach to Astronomical Observations. Cambridge University Press. p. 52. ISBN 978-0-521-53551-9.
- ↑ Corwin, H.G. Jr. (12 October 1999). "The NGC/IC Project: An Historical Perspective". The NGC/IC Project. Retrieved 2012-04-22.